ပန်းပျိုးလက်ပရဟိတ အသင်းသူ အသင်းသားများနှင့်
မိတ်ဆွေ အပေါင်းသင်းများ အားလုံး
မဂ်လာပါ
ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်း တည်ထောင်ခဲ့တာ 7.11.2012 ရက်နေ့တွင် တစ်လပြည့်ခဲ့ပါပြီ။တစ်လပြည့်သည့် အချိန်တွင် ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းမှ မြန်မာပြည်တွင်းတွင် အလှူတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါပြီ။ဒီအလှူဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းမှ အသင်းဝင်ကြေးနှင့်အတူ အသင်းဝင်မဟုတ်သော မိတ်ဆွေ အပေါင်းသင်းများထံမှ အလှူငွေ ကောက်ခံခဲ့ပါတယ်။ အလှူခံဖြတ်ပိုင်းများကို တာဝန်ယူ ကောက်ခံပေးသော သူငယ်ချင်းများကို ကျေးဇူးတင်သောအားဖြင့် ဒီနေရာလေးမှာ နာမည်နှင့်တကွ စာရင်းများကို ဖော်ပြပေးမယ်။
1 = ကိုမျိုးမင်းသူ rm 120
2= မဇာခြည်လင်း rm 217
3=ကိုမျိုးလေး rm 200
4=ကိုမြင့်စိုး rm (စာရင်းမအပ်သေး)
5=ကိုအောင်အောင် rm 125
6= မမီးမီး rm 241
7=ကိုကျော်မျိုးသူ rm 125
8=မနွေးနွေး rm 206
9=မသိရီမြတ်စိုး rm 255
10=ကိုမျိုးလွင် rm 200
...................................................................................
စုစုပေါင်း = rm 1689 ရရှိပါတယ် ။အသင်းဝင်များထံမှ လစဉ်ကြေးကတော့ 3.11.2012 အထိကို rm 1759 ကောက်ခံရရှိထားပါတယ်။အားလုံးပေါင်းလိုက်
လျှင် rm 3529 ဖြစ်ပါတယ်။မြန်မာပြည်ကို လွှဲငွေကတော့ rm 1824 ဖြစ်ပါတယ်။ လက်ကျန်ငွေက
rm 1705 ဖြစ်ပါတယ်။.........................................
ကျွန်တော်တို့ ပထမ ရည်ရွယ်ထားတာကတော့ ကိုနေမျိုးဇင်နဲ့ သာပေါင်းမြို့နယ်ဘက်က ရေဘေးဒဏ် ခံခဲ့ရသော စာသင်ကျောင်းတချို့အား ပြန်လည်ပံ့ပိုးကူညီဖို့ ဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ဘက်မှ ငွေလွှဲချိန်နောက်ကျခဲ့သောကြောင့် တခြားနေရာ တခုကို ပြန်လည်ရွေးချယ်ခဲ့ရပါ
တယ်။ကိုနေမျိုးဇင် အကြောင်းကို ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် ။
ဆိုတော့ ကျွန်တော်တို့ တခြားနေရာတစ်ခုကို ထပ်ပြီးတော့ ရွေးချယ်ရပါတယ်။ ကျွန်တော်တို့ကံကောင်း
စွာနဲ့ ဒီအဖွဲ့လေးကို တွေ့ရှိခဲ့ပါတယ် ။ဒါကြောင့် ကျွန်တော်တို့အသင်းမှ ဒီအဖွဲ့နှင့် ဆက်သွယ်ပြီးတော့ အကူအညီ တောင်းခံခဲ့ပါတယ်။
![]() | |||||||
ဒါကတော့ ကျောက်တောင်တောရကျောင်းမှ ပြန်လည်ပြင်ဆင်ရန်လိုအပ်နေသော ကလေးတွေရဲ့ စာသင်ခုံလေးတွေ ရှိကြောင်းကို ဒီလို ဓာတ်ပုံလေးနဲ့တကွ ပြန်လည်ပေးပို့ ပေးခဲ့တာပါ။ |
![]() |
ကျောက်တောင်တောရကျောင်းက ကလေးတွေ ညနေစာ စားနေကြတာပါ |
![]() |
ပန်းပျိုးလက်ပရဟိတအသင်းမှ လွှဲလိုက်သည့်ငွေကို မြန်မာပြည်ဘဏ်မှ ပြန်လည်ထုတ်ယူသော ငွေလက္ခံ ဖြတ်ပိုင်းပါ |
![]() |
ပန်းပျိုးလက်ပရဟိတအသင်းမှ လွဲလိုက်သောငွေကို ကျွန်တော့် အဒေါ်မှတဆင့် ပရဟိတမိသားစု ပြည်မှ တာဝန်ခံ ဒေါက်တာ ကိုဝဏ္ဍဝင်းထံသို့ အသင်းကိုယ်စား ပေးအပ်လှူဒါန်းစဉ် |
![]() |
ချစ်စွာသော ကလေးငယ်များအတွက် လိုအပ်သော လွယ်အိတ်၊ ဦးထုပ်နှင့် အနွေးထည်များ ဝယ်ယူရန် ပရဟိတမိသားစု ပြည် မှ တာဝန်ခံများ ဈေးဝယ်ထွက်ကြစဉ် |
![]() |
အလှူမှာ ချိတ်ဖို့ ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းရဲ့ လိုဂိုပါ (အဲလို ဒုက္ခပေးတာ :P) |
![]() |
ပန်းပျိုးလက်ပရဟိတအသင်းက ကျောက်သင်ပုန်း မည်းမည်းကြီးတွေ နေရာမှာ ဒီလိုဝှိုက်ဘုတ် အဖြူလေးနဲ့ အစားထိုးခဲ့ပါတယ် |
![]() |
အင်္ကျီလေးတွေ ဝတ်ဆင်ပေးနေတာပါ |
![]() |
ဆရာတော်အား ဝတ္ထုငွေနှင့် ပစ္စည်းများ လှူဒါန်းနေစဉ် |
![]() |
ပရဟိတမိသားစု ပြည် မှ တာဝန်ခံ ဒေါက်တာ ကိုဝဏ္ဍဝင်းမှ ပန်းပျိုးလက်ပရဟိတအသင်း ကိုယ်စားလှူဒါန်းစဉ် |
![]() |
ဆန်အိတ်တွေလည်း ပါတယ် ဗျ.... |
![]() |
ကလေးတွေကို ရေခဲမုန့် ကျွေးဖို့ ပြင်ဆင်နေကြတာပါ |
![]() |
ရေခဲမုန့် မစားခင် အလှူရှင်တွေ ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းနေတာပါ |
![]() |
ဒီကျောင်းက တောဘက်ကျတော့ ကလေးငယ်တွေအတွက် အနွေးထည်ပါ လှူဖြစ်ပါတယ်။တစ်ယောက်ကို သုံးထည်စီလောက် ရပါတယ်တဲ့။ |
![]() |
ဒါကတော့ ပရဟိတမိသားစု ပြည် က လာရောက်ကူညီကြသည့် အဖွဲ့ဝင်တွေပါ( ကျွန်တော်ကတော့ အသင်းကြော်ငြာတယ်လို့ပဲ ထင်ပါတယ်။နောက်ကျောပဲ မြင်ရတာကိုး :D) |
![]() |
ဒီလို အားပါးတရ အားပေးနေတာ |
![]() |
လုံးဝ ဟန်ဆောင်မှုကင်းတယ် အပြစ်ကင်းတယ် |
![]() |
အလှူရှင်တွေ ကျန်းမာ ချမ်းသာစေကြောင်း သားသား မီးမီးတို့ မှ ဆုတောင်းပေးပါတယ်နော်.... |
သာဓု သာဓု သာဓု
ReplyDeleteနောက်လဲဒီထက်မကလှူဒါန်းနိုင်ပါစေလိုဆုတောင်းပေးပါတယ်....ကလေးတွေရဲ့ပုံလေးတွေကိုကြည်ပြီးတော့ စိတ်ထဲမှာတမျိုးခံစားရတယ်ဗျာ.....ကိုယ်ချင်းလဲစားပါတယ်...၊
ReplyDelete