ပန်းပျိုးလက်ပရဟိတအသင်း ပထမအကြိမ် အစည်းအဝေး မှတ်တမ်းတင် ဗွီဒီယို
Sunday, 7 October 2012
ပန်းပျိုးလက်ပရဟိတအသင်း ပထမအကြိမ် အစည်းအဝေး မှတ်တမ်းတင် ဗွီဒီယို
Subscribe to:
Post Comments (Atom)
သူ့လိုအပ်ချက် ကိုယ်ဖြည့်စွက် ကိုယ့်အတွက်မမျှော်ပြီ
ပန်းပျိုးလက်ပရဟိတအသင်း ပထမအကြိမ် အစည်းအဝေး မှတ်တမ်းတင် ဗွီဒီယို
အသင်းကဘာအတွက်ထူထောင်ထာတာလဲပြောပြနိုင်ရင်ပြောပြပေးပါ
ReplyDeleteကျေးဇူးတင်ပါတယ်နော် ဘာတွေလုပ်ပြိးပြိလဲ အလုပ်တွေတကယ်လုပ်နိုင်ပါစေ
ပရဟိတ တွေဒိထက်မကလုပ်နိုင်ပါစေ ကျေးဇူးတင်ပါတယ်
ရည်ရွယ်ချက်
ကျွန်တော်တို့ အသင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်က ကလေးတွေ ပညာရေးကို အဓိက ကူညီပေးဖို့ ရည်ရွယ်ပါတယ်။ကူညီတဲ့နေရာမှာ သင်ထောက်ကူ ပစ္စည်းတွေကို အဓိကထား ပြီးတော့ ကူ
ညီပေးသွားမှာပါ။သဘာဝဘေးအန္တရယ် ကျရောက်နေတဲ့နေရာက မိဘမဲ့ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်
ပညာရေး ကျောင်းတွေကို အဓိက ကူညီမှာပါ။တစ်လတစ်ကြိမ် (သို့)နှစ်လကိုတစ်ကြိမ် အနည်းဆုံးထားပြီး
တော့ လှူဒါန်းသွားမှာပါ။လှူတဲ့နေရာမှာ ကျွန်တော်တို့ အသင်းအနေနဲ့ ပစ္စည်းတွေတင် လှူမှာ မဟုတ်ပါဘူး
ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာပိုင်းမှာပါ တိုးတက်ကောင်းမွန်လာစေဖို့ ဟောပြောပွဲလေးတွေပါ ပူးတွဲကျင်း
ပဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ကျွန်တော်တို့ တိုင်းပြည်မှာ ပညာသင်ချိန်မှာ ပညာမသင်ကြားနိုင်ပဲ လမ်းပေါ်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ကလေးငယ်တွေ စာသင်ခန်းထဲသို့ ရောက်နေသော် လည်း သင်ထောက်ကူ ပစ္စည်းတွေ မစုံလင်တာကြောင့် သင်ကြားရေးပိုင်းမှာ အခက်အခဲ ဖြစ်နေတဲ့ ကလေး
ငယ်တွေ အများကြီးရှိပါတယ်။ဒီကလေးငယ်တွေဟာ နောင်တချိန်မှာ တိုင်းပြည်တာဝန်တွေကို ပခုံးပြောင်း ပြီးတော့ နိုင်ငံတာဝန်တွေကို ထမ်းဆောင်မယ့် သားကောင်းရတနာလေးတွေ ဖြစ်နေလို့ပါပဲ။ပြီးတော့ ဖြူစင် တဲ့ကလေးတွေအပေါ်မှာ ဂရုဏာပိုပြီးတော့သက်မိလို့ပါ။ဂရုဏာဆိုတာကို မြန်မာလိုပြန်ရင် "ဒုက္ခရောက်နေ
တဲ့သူတွေကို မြင်ရ ကြားရတဲ့အခါ သူတော်ကောင်းမှန်ရင် စိတ်နှလုံးမှာ တုန်လှုပ်စွာ ခံစားတတ်ရမယ်" လို့ ဒီလိုဆိုထားပါတယ်။စိတ်နှလုံးမှာ တုန်လှုပ်စွာခံစားနေယုံနဲ့တော့ သူတော်ကောင်း မဖြစ်သေးပါဘူး။သူတို့ရဲ့ အခက်အခဲ ဒုက္ခတွေကို တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီဆောင်ရွက်ဖြေရှင်းပေးမှသာ သူတော် ကောင်းတွေလို ခေါ်ဆိုနိုင်မှာပါ။ကျွန်တော်တို့ အသင်းသားတွေမှ မိမိတို့ တရားသဖြင့်ရှာဖွေစုဆောင်းထား သော ချွေးနဲစာထဲမှ တတ်စွမ်းသလောက်ကို ကူညီခွင့်ရတဲ့အတွက် ဒါနပါရမီ၊မေတ္တာပါရမီ၊ဂရုဏာပါရမီ အစရှိသော ပါရမီတို့ကို ဖြည့်ဆည်းခွင့်ရသည့်အတွက် အလွန်ပင်မွန်မြတ်လှပါတယ်။
written by ......AK (3:50 AM)