![]() |
ပန်းတောင်မြို့နယ် မကျီးစမ်းကျေးရွာရှိ ဘ/က ကျောင်းလေးပါ။ကျွန်တော်တို့အသင်းမှ အသစ်ပြန်လည် မတည်ဆောက်ခင် မြင်တွေ့ရပုံပါ |
![]() |
ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းရဲ့အလှူကို တာဝန်ယူပြီးတော့ တည်ဆောက်ပေးမည့် ပရဟိတ မိသာစု ပြည်ရဲ့ တာဝန်ခံ ဒေါက်တာကိုဝဏ္ဍဝင်းနှင့် ကျောင်အဟောင်းလေးပါ.. |
![]() | ||
ကျောင်းအသစ်အတွက် ဆရာတော် ကျေးရွာလူကြီးများနှင့် ဒေါက်တာကိုဝဏ္ဍဝင်းတို့ တိုင်ပင်ကြစဉ်... |
![]() |
ကျောင်းအသစ် ပြန်လည်တည်ဆောက်ရန်အတွက် ကျေးရွာရှိ ကျောင်းတည်ဆောက်ရေး ကော်မတီထံသို့ အလှူငွေပေးအပ်စဉ်.. |
![]() |
အောက်ခြေ အုတ်ဖိနပ်တိုင်များ... |
![]() |
ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းရဲ့ အသင်းဝင် ကိုနေညီမြန်မာပြည်ကို ပြန်တုန်းက ဆောက်လက်စ ကျောင်းလေးဆီသို့ တစ်ခေါက်... |
![]() |
ဒီနှစ်ခန်းတွဲ ကျောင်းအိမ်သာလေးကတော့ တခြားစေတနာရှင် တစ်ဦးမှ လှူဒါန်းတာပါ ... |
![]() |
ကျောင်းမပြီးသေးခင် ညမှောင်မှောင်မှာ မြင်တွေ့ရပုံ.. |
![]() |
ကိုဝဏ္ဍဝင်းတို့ ပန်းတောင်းဘက်မှာ အလှူပြုလုပ်ပြီးအပြန်မှာ မကျီးစမ်းကျောင်းလေးသို့ ဝင်ရောက်၍ ကျောင်းတည်ဆောက်ရေး တာဝန်ခံများနှင့် တွေ့ဆုံစဉ်... |
![]() |
ပရဟိတ မိသားစု ပြည် အဖွဲ့သားများနှင့် မပြီးသေးခင် မြင်တွေ့ရသော မကျီးစမ်း ဘ/က ကျောင်း... |
![]() |
ပရဟိတမောင်နှမ နှစ်ဦး... |
![]() |
ဒါကတော့ ပြီးကာနီးလေးပေါ့... |
![]() |
ကျောင်း၏အတွင်းပိုင်း တည်ဆောက်နေပုံ... |
![]() |
ကျောင်းအနောက်ပိုင်း မြင်ကွင်း... |
![]() |
ဘေးဘက်မှ မြင်ရပုံ... |
![]() |
မြင်ရတာ ကြည်နူးစရာပါ.. |
![]() |
ကဲ လာပါပြီဗျာ ကျောင်းလေးကို ရေစက်ချလှူဖို့... မိုးထဲရေထဲမှာ |
![]() |
ကျွန်တော်တို့တွေ မစဉ်းစားမိတဲ့ အလံတိုင်ကို သတိတရနဲ့ ခုလိုလှူဒါန်းပေးတဲ့ ပရဟိတ မိသားစု ပြည်ကို ကျေးဇူးအထူးတင်ရှိပါတယ် ဗျာ.. |
![]() |
ဒါလေးလည်း ပရဟိတ မိသားစု ပြည်က လှူတာပါ... |
![]() |
ဘုရားကျောင်းဆောင်လေးလည်း ပရဟိတ မိသားစု ပြည်ရဲ့ အလှူပါ |
![]() |
ပစ္စည်းတွေလည်း စုံသလောက် ဖြစ်ပါပြီ... |
![]() |
![]() |
ရေသန့်စက်ကလေးလည်း ပါတယ်ဗျာ (ဖစ်တာအသုံးပြု ) |
![]() |
တစ်နှစ်စာ ကျောင်းသုံးစာအုပ်လည်း ပါတယ်ဗျာ |
![]() |
တစ်နှစ်စာ ကျောင်းသုံးစာရေးကရိယာ အလှူရှင်ကတော့ ကျွန်တော်တို့ပန်းပျိုးလက်ပရဟိတအသင်းသူ မချစ်စု ဖြစ်ပါတယ် .. |
![]() |
ရန်ကုန်ကနေ တကူးတက လာရောက်ကူညီလှူဒါန်းပေးတဲ့ မယွန်းကိုလည်း ကျေးဇူးတင်ပါတယ်.. |
![]() |
ဆရာတော်မှ ရေစက်ချ သာဓု အနုမောဒနာ တရားဟောကြားပါတော့မယ်.. |
![]() |
မိုးရွာနေတာကြောင့် ရွာသားတွေ သိပ်မလာနိုင်ကြပါဘူး... |
![]() |
အားလုံးပဲ သာဓုခေါ်ပါနော်... |
![]() |
သာဓု သာဓု သာဓု... |
![]() |
နောင်တချိန်မှာ တိုင်းပြည်ရဲ့ တာဝန်တွေကို ပခုံးပြောင်းပြီးတာဝန်ယူမယ့် အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ... |
![]() |
ကလေးတွေရော လူကြီးတွေရော ပျော်နေမှာပါ (မိတ်ဆွေတို့လည်း ပုံတွေမြင်ရတာ ပျော်နေမယ်လို့ ထင်ပါတယ် ) |
![]() |
အဲဒီတုန်းက လှေကားလေးက အချောမသတ်သေးဘူး... ( ခုတော့ အားလုံးပြီးပါပြီ ) |
![]() |
အားလုံး ပျော်ပျော်ပါးပါး အမှတ်တရပေါ့... |
![]() |
နေခြည်မှာ ရွှေရည် ထာဝစဉ်လောင်းနိုင်ပါစေ မကျီးစမ်းရေ နှုတ်ဆက်ခဲ့ပါတယ် |
![]() |
ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းလေးဟာ ဆရာတော် အရှင် ဦးပညာလင်္ကရ ၊ဆရာတော် အရှင်
ဦး နာရဒ၊ ဆရာတော် အရှင် ဦးဥက္ကဋ္ဌ တို့ရဲ့ ဦးဆောင် လမ်းညွှန်မှု အောက်မှာ ရှစ်လကျော်ဆိုတဲ့ အချိန် အတိုင်းအတာ
တစ်ခုကို ဖြတ်သန်းခဲ့ပါပြီ။ ပထမအကြိမ် မြန်မာပြည်တွင်း အလှူကိုတော့ 7.11 .2012 ရက်နေ့မှာ ပြည်မြို့ပေါ်ရှိ
ကျောက်တောင် ဘက ကျောင်းနှင့် လေသာ ဘက ကျောင်းကို ၅ သိန်း ခွဲပြီးတော့ လှူဒါန်းခဲ့ပါတယ်။ဒုတိယအကြိမ်
အလှူကိုတော့ ပြည်တဘက်ကမ်းရှိ ပန်းတောင်းမြို့နယ် မကျီးစမ်း ဘက ကျောင်းလေးကို အသစ်ပြန်လည် ဆောက်လုပ်
ပေးခဲ့တာ ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ ( 24.05.2013 ) ရက်နေ့မှာ ရေစက်ချပြီးတော့ လှူဒါန်းနိုင်ခဲ့ပါပြီ ( စာရေးသူမအားလို့
နောက်ကျမှ တင်ဖြစ်သည့်အတွက် ခွင့်လွှတ်ပါ )။ ဒီကျောင်းလေး ဖြစ်ပေါ်လာဖို့ အတွက်ကို ဦးဆောင်လမ်းညွှန်မှု ပေးခဲ့သော
နာယက ဆရာတော်များ ၊ အလှူခံပေးခဲ့ကြသော မိတ်ဆွေများနှင့် အသင်းဝင်များ၊ ပါဝင်လှူဒါန်းခဲ့ကြသော စေတနာရှင်များနှင့်
အသင်းဝင်များ၊ စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ဒီကျောင်းလေးကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့ကြသော အသင်းဝင်များ
တစ်နှစ်စာ စာရေးကရိယာဖိုး ၂ သိန်း ကျပ်ကို လှူဒါန်းခဲ့သော ပန်းပျိုးလက် အသင်းသူ မချစ်စုအား ကျေးဇူး တင်ရှိပါကြောင်း
ပြောကြားပါရစေ။ ပြီးတော့ တစ်ဦးတည်းသာရှိတဲ့ မကျီးစမ်းမှ ကျောင်းဆရာမအား ကျောင်းသူ ကျောင်းသားများကိုယ်စား
ငွေတစ်သိန်းလှူခဲ့ပါတယ်။ဆရာမအတွက် အလှူငွေ RM 100 လှူတဲ့ အသင်းသား ကိုမြင့်နိုင်လင်းအားလည်း
အထူးပင် ကျေးဇူးတင်ရှိပါတယ် ။
အထူးအနေနဲ့ ကျေးဇူး ပိုပြီးတော့ တင်ထိုက်သူများကတော့ ကျွန်တော်တို့ရဲ့ မပြောပလောက်တဲ့ ကျောင်းအလှူကို
လက္ခံပြီး အလှူခံခဲ့သော မကျီးစမ်း ဆရာတော်၊ လုပ်အားဒါနဖြင့် ကူညီပေးခဲ့သော မကျီးစမ်း ရွာသူ ရွာသားများ၊ ပန်းတောင်း
မြို့နယ်မှ ပရဟိတတာဝန်ခံများ ကျေးဇူးတင်ပါတယ်လို့ ပြောယုံနဲ့ မလုံလောက်အောင် ကျေးဇူးတင်ထိုက်သူကတော့
ပရဟိတ မိသားစု ပြည်မှ တာဝန်ခံ ဒေါက်တာ ကိုဝဏ္ဏဝင်း ပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီမကျီးစမ်းဘက ကျောင်း
ပုံလေးကို facebook ပေါ်မှာတင်ပေးလို့သာ ကျွန်တော်တို့တွေ မြင်ပြီးတော့ လှူဒါန်းခွင့်ရတာပါ။ ဆရာက အလှူခံပေးယုံတင်
မဟုတ်ပါဘူး ။ဒီကျောင်းလေးကို ပြီးစီးအောင် တာဝန်ယူပြီးတော့ ဆောက်လုပ်ပေးခဲ့ပါတယ်။ ပြီးတော့ ဒီကျောင်းလေးမှာ တခြားလိုအပ်တာတွေကိုလည်း ပရဟိတ မိသားစု ပြည် မှ လှူဒါန်းခဲ့ပါသေးတယ်။ တကယ်လို့သာ ဆရာက facebook
ပေါ်မှာ ပုံတွေတင်ပြီးတော့ အလှူမခံခဲ့ဘူး ၊ ဒီကျောင်းလေးကို တာဝန်ယူပြီးတော့ မဆောက်ပေးခဲ့ဘူးဆိုရင် ဒီနေ့ ကျွန်တော်တို့
ဒီလို အလှူမျိုးကို လှူဒါန်းခွင့်ရခဲ့မှာ မဟုတ်ပါဘူး။ ပထမအကြိမ် အလှူကိုလည်း ဒီဆရာကနေပြီးတော့ တာဝန်ယူပြီး
လှူဒါန်းပေးခဲ့တာပါ။ ဒါကြောင့် ဆရာရေ ပန်းပျိုးလက်ပရဟိတအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ဗျာ။။။။
နောက်တစ်ကြိမ် အလှူကိုတော့ ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းဝင်တွေရဲ့ ဇာတိရပ်ရွာ တစ်ခုခုထဲက
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့မဟုတ် မိဘမဲ့ ပရဟိတဂေဟာ တစ်ခုခုကို လှူဒါန်းမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် အသင်းဝင်တွေ အနေနဲ့ မိမိတို့ ရပ်ရွာတွေမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့မဟုတ် မိဘမဲ့
ပရဟိတဂေဟာ တွေများ ရှိခဲ့ရင် ကျွန်တော်တို့ကို တင်ပြနိုင်ပါတယ်။ အဓိက အရေးကြီးတာကတော့ တကယ်လိုအပ်တဲ့
နေရာတွေ ဖြစ်ရပါမယ်။ နောက်တစ်ခုက အလှူကို အစစ အရာရာ တာဝန်ယူတဲ့သူ ရှိရပါမယ်။ အဲဒီအချက်တွေနဲ့ ပြည့်
စုံရင် အခါ အားလျော်စွာ ကျင်းပတဲ့ အသင်းအစည်းအဝေးပွဲတွေမှာ တင်ပြနိုင်ပါတယ်။။။။။။။။။။
ပန်းပျိုးလက်လက်ပရဟိတအသင်း....................ချမ်းမြ ပူ မိုး
ရာသီဘေးဒဏ် ကြံ့ကြံ့ ခံအောင်
တို့များ စေတနာ
တို့ မေတ္တာဖြင့်
ပြန်ကာအကျိုး မမျှော်ကိုးပဲ
မှန်စွာ ရှာဖွေ
ထိုထို အထဲမှ
စွမ်းအားရှိသမျှ
ထုတ်နှုတ်ကြ၍
အနာဂတ် သွေး
ညီငယ် (ညီမငယ် ) လေးတို့
ပညာရင်နို့ ရွှင်စွာ သောက်ဖို့
ဤ ကျောင်းတော်အား
လှူဒါန်းပါ၏
နတ်လူ သာဓု ခေါ်စေသော်.................။
![]() | |
အရှင်ကေဝလာနန္ဒ က ကျွန်တော်တို့ အသင်းလေးကို ချီးမြှင့်သီကုံးပေးထားတာ ဖြစ်ပါတယ်...
|
0 comments:
Post a Comment