Blogger Widgets

Sunday 25 November 2012

ပန်းပျိုးလက်ပရဟိတအသင်း၏ ကထိန်အလှူတော် ဓာတ်ပုံများ

                                အားလုံးပဲ မဂ်လာပါ ခင်ဗျာ
       ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းမှ ဦးဆောင်ပြီးတော့ ယနေ့ နံနက်တွင် မလေးရှားနိုင်ငံ  
တမန်ဆွန်ဂိုင်းဘီစီးတွင် တည်ရှိသော သတိပဋ္ဌာန ဓမ္မရိပ်သာ (ညောင်ကန်အေး) ကျောင်းတိုက်တွင်   
စုပေါင်းမဟာ ဘုံကထိန်ပွဲကြီးကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပုံများကို အသင်းသူ/သားများနှင့် မိတ်ဆွေ
အပေါင်းအသင်းများ ကြည်ညို သဒ္ဒါတရား ပွားများပြီး သာဓုခေါ်ဆိုနိုင်ရန် ကထိန်ပွဲ အမှတ်တရ ဓာတ်ပုံများ
ကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
၂၄.၁၁.၂၀၁၂ ရက်ညဘက် ဘုရားဝတ်တက်နေတာပါ

၂၄.၁၁.၂၀၁၂ ရက်နေ့ညပိုင်း သင်္ကန်းလာလှူသူ တချို့

သင်္ကန်းလှူပြီးတော့ တရားနာနေတာပါ

၂၄.၁၁.၂၀၁၂ရက်နေ့ညတွင် လက်စွမ်းပြနေသော ဒိုးပတ်ဝိုင်း

ဒေါ်မိုး ကဖို့အတွက် မိတ်ကပ်လိမ်းနေတာပါ

ဦးရွှေရိုးကိုလည်း ပြင်ပေးရသေးတယ်. က တာ အရမ်းမိုက်တယ် နောက်နှစ်လည်း က ရမယ်နော်...

ကြက်ဆီထမင်း ကျွေးဖို့အတွက် ပြင်ဆင်နေတာပါ

ကျွန်တော်တို့ရဲ့ မယ်တော်ကြီးပါ ကထိန်လှည့်ဖို့အတွက်ပါ

ကထိန်လှည့်ဖို့ တန်းစီနေတာပါ

ကထိန်လှည့်နေပါပြီ

ကြည်နူးဖို့ တကယ်ကောင်းပါတယ် မြန်မာပြည် ပြန်ရောက်နေသလို ခံစားမိပါတယ်

ပဒေသာပင်တွေကိုတော့ အကုန်မလှည့်ပါဘူး အနည်းငယ်လောက်သာ  လှည့်တာပါ  

ဦးရွှေရိုးနဲ့ ဒေါ်မိုးကလည်း တွဲဘက်ညီပါပေတယ်


ကျောင်းထိုင် ဆရာတော်နှင့် အမှတ်တရ

ဆရာတော်နှင့် ရွှေကြေးစည်ပရဟိတ အဖွဲ့သားများ

မယ်တော်ကြီး မငယ် ဖွားတိုး မသီရိတိုနှင့် အမှတ်တရ

ပန်းပျိုးလက်ပရဟိတအသင်းရဲ့ အတွင်းရေးမှူးပါ (သူများ ယူမှာစိုးလို့ထင်တယ် အတင်းပိုက်ထားတယ်)

မယ်တော်ကြီးနှင့် အတူ.....

ပန်းပျိုးလက်ပရဟိအသင်းရဲ့ အင်္ကျီကို အနောက်ဘက်မှ မြင်ရပုံ

မယ်တော်ကြီးမှ ပင့်သံဃာများအား ဝတ္ထုငွေ ဆပ်ကပ်နေတာပါ

တရားနာယူနေတာပါ

ဆရာတော်အား ပဒေသာပင် ကပ်လှူနေတာပါ

တရားဟော ဆရာတော်

ရွှေကြေးစည်ပရဟိတအသင်းမှ ပဒေသာပင် ကပ်လှူနေတာပါ

ပန်းပျိုးလက်ပရဟိအသင်းမှ RM 5000 တန် ပဒေသာပင် ကပ်လှူနေတာပါ

တရားနာ ပရိတ်သတ်ကတော့ ကျောင်းအပြည့်ပါပဲ

ကထိန်သင်္ကန်းအား မယ်တော်ကြီးနှင့် အတူ ကပ်လှူနေတာပါ



ဓာတ်ပုံဆရာလည်း ဘယ်သူ့မှ အလွတ်မပေးဘူး


ဧည့်ပရိတ်သတ်များအား ကြက်ဆီထမင်းနှင့် ဧည့်ခံနေတာပါ

သံဃာတော်များအား ဆွမ်းကပ်နေတာပါ

တရုတ်ကြီးလည်း သင်္ကန်းလာကပ်ပါတယ်

ကင်မရာမင်းကတော့ အတော်များတယ်

မနက်ပိုင်း သင်္ကန်းလာကပ်သူများ

ဦးရွှေရိုးနဲ့ ဒေါ်မိုးကို ဒီလိုအားပေးကြတာ

ဒေါ်မိုးနှင့် အပြိုင်ဝင်ကျဲနေတဲ့  တရုတ်အဖွားကြီး

ဒီလိုမျိုး ပျော်ရဖို့က ခဲယဉ်းတယ်လေ

ဒိုးပတ်သံကြားရင် မနေနိုင်တာ မြန်မာတွေရဲ့ ဝါသနာ

ကြက်ဆီထမင်း ပြင်တဲ့သူတွေ လက်ကော ဆေးရဲ့လား မသိ :P

တရုတ်မကလည်း အမွှေးတိုင်ထွန်းပြီးတော့ ဘာတွေ ဆုတောင်းနေလည်း မသိ

အနောက်က မြန်မာ ဝတ်စုံနဲ့ အရှေ့က ဘောင်းဘီတိုနဲ့ တရုတ်မကို နှိုင်းယှဉ်ပြတာပါ  :P

ဒါကတော့ ကျွန်တော်ရိုက်တာပါ။ကျန်တဲ့ ပုံတော်တော်များများကတော့ ညီလေးတစ်ယောက်က ရိုက်ပေး
တာပါ။ဘာလို့ ဒီပုံတင်တာလည်း ဆိုတော့ (အလှူနဲ့တော့ သိပ်ပြီး မသက်ဆိုင်လှပါဘူး) တိုင်းတပါးမှာ နေရတဲ့ ကျွန်တော်တို့တတွေ မြန်မာ ဝတ်စုံနဲ့ မိန်းကလေးကို မြင်တွေ့ရဖို့ ခဲယဉ်းပါတယ်။ပြီးတော့ တချို့တွေဆိုရင် ဘုန်းကြီးကျောင်းလာတာတောင်မှ ဘယ်လိုတွေ ဝတ်လာမှန်းမသိဘူး။ဆိုလိုတာက
အတိုတွေ အကွဲတွေ မဝတ်ရဘူးလို့တော့ မပြောလိုပါဘူး။သူ့နေရာနဲ့ သူပေါ့။မြန်မာယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ပွဲတွေဆိုရင်တော့ မြန်မာလို ဝတ်တာ အကောင်းဆုံးပါ။
 
(မနေနိုင် မထိုင်နိုင်နဲ့ လျှာရှည်မိပြန်ပြီ ဘယ်သူတွေ လာရန်တွေ့မလည်းတော့ မသိဘူး စေတနာနဲ့ ပြောတာပါ အမြင်မတော်လို့ပါ)











မယ်တော်ကြီးနှင့် သူ့မြေးများ( ကိုထွန်းကိုလည်း တကယ် ကျေးဇူးတင်ပါတယ် ဗျာ)

ကာဂျမ်းမှ ညီမငယ်များ(တကယ်အားကိုးရပါတယ်)

ပဒေသာပင်မှ ပိုက်ဆံငွေများကို ပြန်ဖြုတ်နေတာပါ (CCTV တပ်ထားတယ်နော် ဟီးးး:P)

အလှူရှင် စာရင်းတွေပါ

ဒါကတော့ ပြောစရာလိုမယ် မထင်တော့ပါဘူး


ကဲ ဒေါ်လေးရေ တင်လိုက်ပြီနော် :P

ဘယ်ဘက် အစွန်လူက ဒီနေ့ သူ့မွေးနေ့ ဗျ ဘာမှလည်း မကျွေးသွားဘူး

တကယ်အားကိုးရတဲ့ ကာဂျမ်းမှ ညီမငယ်များ

ကြော်ငြာလို့ကို မပြီးနိုင်တော့ဘူးးး:P


ဆရာတော်နဲ့ ဓာတ်ပုံ တွဲရိုက်ချင်တဲ့သူတွေ အတော်များတယ်(ကျွန်တော့်ကျတော့ ဘယ်သူမှ တွဲမရိုက်ဘူး  :P)
ပန်းပျိုးလက်ပရဟိတအသင်းမှ ဦးဆောင်ကျင်းပသော စုပေါင်း မဟာဘုံကထိန် ပွဲကြီးလည်း အောင်မြင်စွာ
နဲ့ ပြီးဆုံးသွားပါပြီ ။ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းနဲ့အတူ ဒီ စုပေါင်း မဟာဘုံကထိန်ပွဲမှာ လာ
ရောက် ဝိုင်းဝန်းကူညီပေးကြသော မိတ်ဆွေ အပေါင်းအသင်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါ
ကြောင်း(တကယ်ကို လှိုက်လှိုက် လှဲလှဲ တင်တာပါ)ဒီနေရာလေးမှပဲ ပြောကြားပါရစေ။
         ပြီးတော့ ကြွရောက် အားပေးကြကုန်သော ပရိတ်သတ်များကို တောင်းပန်စကားဆိုချင်ပါတယ်။ဘာ
လို့လည်းဆိုတော့ ကျွန်တော်တို့ ပထမ မှန်းထားတာ ပရိတ်သတ် ဒီလောက်များလိမ့်မယ်လို့ မထင်ထားပါ
ဘူး။ဒါကြောင့် ကြက်ဆီထမင်းဆိုရင် မနက် 11 နာရီမထိုးခင်မှာ ပြတ်သွားပါတယ်(ဒီကျောင်းတိုက်မှာ ကျင်းပခဲ့သမျှ အလှူတွေထဲမှာ ဒီအလှူ အစည်ကားဆုံးပါပဲ )။ဧည့်ခံရေးအပိုင်းမှာ လစ်ဟင်းမှုများ ရှိခဲ့ပါ
တယ်။ထပ်ပြီးတော့ ချက်ပြုတ်နေရတဲ့ အတွက် ဧည့်သည်အတော်များများကို နောက်ကျမှပဲ ထမင်း
ကျွေးနိုင်ခဲ့ပါတယ်။ ပြီးတော့ လာရောက်တဲ့ ဧည့်သည်နှင့် ကျောင်းနဲ့ မဆန့်လောက်အောင်ကို များလွန်းသည့်အတွက် နေရာထိုင်ခင်း အခက်အခဲ တချို့ ဖြစ်ခဲ့မှုပေါ် နားလည်ခွင့်လွှတ်ပေးပါရန် အနူး အညွတ် တောင်းပန်ပါတယ်။နောက်နောင် အလှူများကျရင် ဒီထက် ကောင်းမွန်အောင် ကြိုးစားပါမယ်လို့
ကတိပြုရင်းးးးးးးးးးးးးးးး

                                                            ပန်းပျိုးလက်ပရဟိတအသင်း

2 comments:

  1. ကျနော်ပန်းပျိုးလက်ပရဟိတအသင်းကို ၀င်ချင်ပါတယ်
    အခု USA မှာပါ လူပျိုကြီးဆိုတော့ အရွယ်ရောက်သူ အပျိုတစ်ဦး
    နှင့် လက်ဆက်ချင်ပါတယ် အားလုံးကျေနပ်မှုရှိမှ ပြန်ပြောကြပါ
    အခွင့်ရေးယူဒါမဟုတ်ပါ ကုသိုလ် လိုလို့ပါ စိုးစံ

    ReplyDelete
  2. ကျွန်တော်တို့ အသင်းက အောင်သွယ်တော် အသင်း မဟုတ်ပါဘူး ဗျာ.....

    ReplyDelete