မင်္ဂလာပါ ...
အခု ကျွန်တော်တို့ မြင်တွေ့ နေရတဲ့ကျောင်းဆောင် ကလေးဟာဆိုရင် ပြီးခဲ့ သည့် April လဆန်းပိုင်းမှ ပြီးစီးခဲ့ သည့် အနေထားလေးတွေ ဖြစ်ပါတယ်။ အကြောင်းကြောင်း ကြောင့် Blog တင်ရန် နှောင့်နှေးသွားခဲ့ ပါတယ်။ အခုဆိုရင် ပြီးစီး သလောက် အနေထား ရှိနေပြီ ဟု သိရပါတယ်။ မကြာမှီ အချိန်တောတွင်း ကျွန်တော်တို့လှူဒါန်းနေသော ကျားကြီးသောင် ဘ/ဘ ကျောင်းလေး ပြီးစီးမှုကို မြင်တွေ့ ရပါတော့မည်။
လာမည့် ဇွန်လတွင် ပညာသင်ကြားကြတော့မည့် စာသင်သား ကလေးငယ်များ အတွက် မိုး၊ လေ ဒါဏ်မှ ကာကွယ်ပေးနိုင်သည့် အရိပ်ဆောင်လေး တစ်ခု ဖန်တီးပေးနိုင်လာမှုကို ပီတိဝေဖြာနေမိတော့ပါသည်။