Blogger Widgets

Saturday 15 September 2012

အသင်းဖြစ်ပေါ်လာပုံ၊ရည်ရွယ်ချက်နှင့် စည်ကမ်းချက်များ

   အသင်းဖြစ်ပေါ်လာပုံ
ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိအသင်း ဖြစ်ပေါ်လာပုံ၊ရည်ရွယ်ချက်နှင်စည်းကမ်းချက်များကို အကျဉ်းချုံးပြီ့း  ရေးထားတာကို စာရွက်ထုတ်ထားပါတယ်။အသင်းဝင်တွေ လေ့လာနိုင်အောင်လို့ပါ။အခုဒီမှာက ပိုပြီးတော့
ပြီးပြည့်စုံအောင်လို့ ထပ်မံပြင်ဆင် ဖြည့်စွက်သွားမှာပါ ။

                                   ကျွန်တော်တို့အသင်းဖြစ်ပေါ်လာပုံက ဒီလိုပါ။ ဟိုတလောကရခိုင်မှာ အဓိကရုဏ်းဖြစ်တော့ ကျွန်တော်တို့   ရခိုင်အတွက်   အလှူခံတာ    သုံးသိန်းရှစ်သောင်းလေးထောင်တိတိကို ရရှိခဲ့ပါတယ်။ရရှိတဲ့ အလှူငွေတွေကို မြန်မာချစ်သူမိသားစုနဲ့အတူ ရခိုင်မှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။အလှူအပြီးမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ကိုယ်ပိုင်ပရဟိတအသင်းလေး တည်ထောင်ဖို့ တိုင်ပင်ဆွေးနွေးပြီးတော့  ပန်းပျိုးလက်ပရဟိတအသင်း ဆိုပြီးတော့ ဖွဲ့စည်းခဲ့ပါတယ်။ဒီအသင်းကို စတင်တည်ထောင်တဲ့သူတွေအားလုံးဟာ ကိုယ့်ရဲ့ အားလပ်ချိန်  တွေမှာ ဘုန်းကြီးကျောင်းကို သွားပြီးတော့ ဝေယာဝစ္စကုသိုလ်ယူကြတဲ့ ဘုန်းကြီးကျောင်းသား တွေပဲ ဖြစ်ပါတယ်။ပြီးတော့ စတင်တည်ထောင်သည့် အသင်းသားတွေဟာ ဗုဒ္ဓသာသနာ နုဂ္ဂဟ  အသင်းသားတွေလည်း ဖြစ်ပါတယ်။ကျွန်တော်တို့ အသင်းရဲ့ သန္ဓေတည်ရာဌာန စတင်  တည်ထောင်သူတွေရဲ့ သဒ္ဓါတရားဟာ ပရဟိအလုပ်နဲ့ အလွန်ကိုလိုက်ဖက်လှပါပေတယ်။        ဒါကတော့ အသင်းစတင်ဖြစ်ပေါ်လာပုံလေးပါ။
                             ရည်ရွယ်ချက်
  ကျွန်တော်တို့ အသင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်က ကလေးတွေ ပညာရေးကို အဓိက  ကူညီပေးဖို့ ရည်ရွယ်ပါတယ်။ကူညီတဲ့နေရာမှာ သင်ထောက်ကူ ပစ္စည်းတွေကို  အဓိကထား ပြီးတော့ ကူ

ညီပေးသွားမှာပါ။သဘာဝဘေးအန္တရယ် ကျရောက်နေတဲ့နေရာက မိဘမဲ့ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်
ပညာရေး ကျောင်းတွေကို အဓိက ကူညီမှာပါ။တစ်လတစ်ကြိမ် (သို့)နှစ်လကိုတစ်ကြိမ် အနည်းဆုံးထားပြီး
တော့ လှူဒါန်းသွားမှာပါ။လှူတဲ့နေရာမှာ ကျွန်တော်တို့ အသင်းအနေနဲ့ ပစ္စည်းတွေတင် လှူမှာ မဟုတ်ပါဘူး
ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာပိုင်းမှာပါ တိုးတက်ကောင်းမွန်လာစေဖို့ ဟောပြောပွဲလေးတွေပါ ပူးတွဲကျင်း
ပဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ကျွန်တော်တို့ တိုင်းပြည်မှာ ပညာသင်ချိန်မှာ ပညာမသင်ကြားနိုင်ပဲ လမ်းပေါ်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ကလေးငယ်တွေ စာသင်ခန်းထဲသို့ ရောက်နေသော် လည်း သင်ထောက်ကူ ပစ္စည်းတွေ မစုံလင်တာကြောင့် သင်ကြားရေးပိုင်းမှာ အခက်အခဲ ဖြစ်နေတဲ့ ကလေး
ငယ်တွေ အများကြီးရှိပါတယ်။ဒီကလေးငယ်တွေဟာ နောင်တချိန်မှာ တိုင်းပြည်တာဝန်တွေကို ပခုံးပြောင်း   ပြီးတော့ နိုင်ငံတာဝန်တွေကို ထမ်းဆောင်မယ့် သားကောင်းရတနာလေးတွေ ဖြစ်နေလို့ပါပဲ။ပြီးတော့ ဖြူစင်  တဲ့ကလေးတွေအပေါ်မှာ ဂရုဏာပိုပြီးတော့သက်မိလို့ပါ။ဂရုဏာဆိုတာကို မြန်မာလိုပြန်ရင် "ဒုက္ခရောက်နေ
တဲ့သူတွေကို မြင်ရ ကြားရတဲ့အခါ သူတော်ကောင်းမှန်ရင် စိတ်နှလုံးမှာ တုန်လှုပ်စွာ ခံစားတတ်ရမယ်" လို့  ဒီလိုဆိုထားပါတယ်။စိတ်နှလုံးမှာ တုန်လှုပ်စွာခံစားနေယုံနဲ့တော့ သူတော်ကောင်း မဖြစ်သေးပါဘူး။သူတို့ရဲ့ အခက်အခဲ ဒုက္ခတွေကို တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီဆောင်ရွက်ဖြေရှင်းပေးမှသာ သူတော်         ကောင်းတွေလို ခေါ်ဆိုနိုင်မှာပါ။ကျွန်တော်တို့ အသင်းသားတွေမှ မိမိတို့ တရားသဖြင့်ရှာဖွေစုဆောင်းထား  သော ချွေးနဲစာထဲမှ တတ်စွမ်းသလောက်ကို ကူညီခွင့်ရတဲ့အတွက် ဒါနပါရမီ၊မေတ္တာပါရမီ၊ဂရုဏာပါရမီ အစရှိသော ပါရမီတို့ကို ဖြည့်ဆည်းခွင့်ရသည့်အတွက် အလွန်ပင်မွန်မြတ်လှပါတယ်။

                            စည်းကမ်းချက်များ 
အစကတော့ စည်းကမ်းချက်တွေ ဘာတွေ မထားဘူးလို့ စဉ်းစားထားပါသေးတယ်။ကုသိုလ်ကောင်းမှုလုပ်   
တာပဲ ဆိုပြီးတော့။ဒါပေမယ့် လူအများနဲ့ အသင်းအဖွဲ့ပုံစံနှင့် လုပ်လာရတဲ့အခါကျတော့ အသင်းသားများအ  တွက် စည်းကမ်းချက် တချို့ကို ချမှတ်ခဲ့ရပါတယ်။အခုဆိုရင် ကျွန်တော်တို့ မြင်နေကြားနေရတာပဲ။ပရဟိတ အလုပ်ကို သူတို့ရဲ့စီးပွားရေးနဲ့ တွဲ့ပြီးတော့ လုပ်နေတာတွေဟာ ဒီမလေးမှာလည်းရှိတယ်။မြန်မာပြည်မှာ      လည်းရှိနေပါတယ်။ဒါကြောင့် စည်းကမ်းချက် တချို့ကို ချမှတ်ခဲ့ပါတယ်။
၁။  ပရဟိတအလုပ်ကို အမှန်တကယ် စိတ်ပါဝင်စားသူများသာ ဖြစ်ရမည်။  
၂။ အသင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။     
၃။ အသင်းဝင်များ တစ်ဦးလျှင် လစဉ်ကြေးအဖြစ် rm 10 ပေးဆောင်ရမည်။  
၎။ ခြောက်လအတွင်း အသင်းအား အဆက်အသွယ်မလုပ်လျှင် အသင်းသားအဖြစ်မှ ရပ်စဲခြင်းခံရမည်။ 
၅။ အသင်းမှ ကြီးမှူးကျင်းပသော အစည်းအဝေးပွဲများကို ကြိုးစားတက်ရောက်နိုင်ရမည်။ 
၆။ အသင်းနှင့် သက်ဆိုင်သော မည်သည့်ကိစ္စပြဿနာကိုမဆို အသင်းသားအများစု၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ဖြစ်စေရမည်။    
၇။ လိုအပ်လာပါက ရှိပြီးသားစည်ကမ်းများနှင့် စည်ကမ်းချက်အသစ်များကို ထပ်မံဖြည့်စွက် ပြင်ဆင်သွားမည်။ 
    အမှတ်စဉ်တစ်ကို ချမှတ်ရတာက လူချင်းရင်းနှီးလို့အသင်းဝင်လိုက်တာ၊အပျော်သဘောမျိုးအသင်းဝင်     တာတို့လူအထင်ကြီးအောင်လို့ ဝင်တာတို့ ဆိုရင် ပရဟိတအလုပ်အပေါ်မှာ နောက်ပိုင်းဆိုရင် ပြဿနာရှိ     လာနိုင်ပါတယ်။ဒါ့ကြောင့် အမှတ်စဉ်တစ်ကို ချမှတ်ရတာပါ။
    အမှတ်စဉ်နှစ်ကတော့ ကျွန်တော်တို့ အသင်းသားအများသဘောတူ ချမှတ်ထားတဲ့စည်းကမ်းတွေကို          မလိုက်နာနိုင်မှတော့ အသင်းဝင်ဖြစ်လာရင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
   အမှတ်စဉ်သုံးကတော့ လစဉ်ကြေးအဖြစ် သတ်သတ်မှတ်မှတ် ဖြစ်အောင်လို့ပါ။အလှူလုပ်တာပဲ ငါတတ်နိုင်သလောက်ပဲ ထည့်မှာပေါ့လို့ ဆိုလာရင် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။လူတိုင်းတော့ တစ်လ
ကို rm 10 ထည့်နိုင်ကြမှာပါ။ 
   အမှတ်စဉ်လေးကတော့ အသင်းဝင်ပြီးတော့ အဆက်အသွယ်မလုပ်ပဲနဲ့ နေမယ်ဆိုရင် အသင်းဝင်တွေသာ များပြီးတော့ အသင်းလုပ်ဆောင်မှု အားနည်းမှာ စိုးလို့ပါ။လူများပြီးတော့ ပွဲမစည်သလိုမျိုးပေါ့။လူပြန်စိစစ်တဲ့ အနေနဲ့ ပါ။
   အမှတ်စဉ်ငါးကတော့ အသင်းနှင့် ပတ်သက်သော ကိစ္စများကို အသင်း၏အစည်းအဝေး၌သာ ဆုံးဖြတ်မည် ဖြစ်သောကြောင့် အသင်းသားများရဲ့ ဆန္ဒသဘောထားများကို ခံယူရန်ဖြစ်ပါသဖြင့်တက်ရောက် နိုင်ပါက ပိုကောင်းပါသည်။
    အမှတ်စဉ်ခြောက်ကတော့ အရေးကြီးပါသည်။အသင်းတည်ရှိနေအမျှ တခြားအကြောင်းအရာများကိုသာ ပြောင်းချင်ပြောင်းမည်။ ဒီအချက်ကတော့ အသင်းတည်ရှိနေသမျှ တည်မြဲစေရမည်။
      အမှတ်စဉ်ခုနစ်ကတော့ ကျွန်တော်တို့တွေဟာ ပညာရှင်တွေ မဟုတ်သည့်အတွက်ကြောင့် လိုအပ်ချက်များ ရှိနိုင်ပါတယ်။အသင်းသားများမှ လိုအပ်သောအချက်များကို တောင်းဆိုလာပါက ထပ်မံ ဖြည့်စွက်ရန် ဖြစ်ပါသည်။
               ကျွန်တော်တို့ အသင်းတည်ထောင်တာမှာ အခက်အခဲတွေ ဘာတွေ သိပ်ပြီးတော့ မရှိလှပါဘူး။ အားလုံးက စိတ်တူသဘောတူနဲ့ ဆိုတော့ အစစအရာရာ အဆင်ပြေပါတယ်။ကျွန်တော်တို့ အသင်းမှာ မတည်တဲ့ ငွေလည်း မရှိပါဘူး။ဒီအတွက်လည်း ဘာမှ စိုးရိမ်စိတ်မရှိခဲ့ပါဘူး။ကျွန်တော်တို့ တစ်ကျပ်တတ်နိုင်  တစ်ကျပ်လှူမယ်။ငါးမူးပဲတတ်နိုင်ရင် ငါးမူးပဲ လှူမှာပါ။ကျောက်သင်ပုန်းတစ်ချပ်စာ တတ်နိုင်ရင် တစ်ချပ်    စာပေါ့။ကျောက်တံတစ်ချောင်းစာ တတ်နိုင်ရင် တစ်ချောင်းစာပေါ့။ကျောက်တံတစ်ချောင်းစာမတတ်နိုင်လို့  အခက်အခဲ ဖြစ်နေတဲ့ကလေးကို ကျောက်တံတစ်ချောင်းလှူလိုက်ရလို့ အဲဒီကလေးပျော်ရွှင်စွာ စာရေးနေတာကို မြင်ရရင် တော်ပါပြီ။ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်လေးအကြောင်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ဆရာဖေမြင့်ရဲ့ ဘာသာပြန်ဝတ္ထုတိုလေး တစ်ပုဒ်ပါ။
           တခါက ပင်လယ်ကမ်းစပ်ဘေးက သောင်ပြင်ပေါ်မှာ ကြယ်ငါးလေးတွေဟာ ဒီရေနဲ့အတူပါလာပြီးတော့ သောင်ပြင်ပေါ်မှာ တင်ကျန်နေခဲ့တယ်။ဒါကို မနက်ပိုင်းပင်လယ်ကမ်းခြေမှာ လမ်းလျှောက်ထွက်လာတဲ့ လူတစ်ယောက်ကမြင်တော့ အဲဒီကြယ်ငါးလေးတွေကို ပင်လယ်ကြီးထဲကို တစ်ကောင်ချင်း ပြန်ပစ်ချနေတယ်။အဲဒီအချိန်မှာပဲ နောက်ထပ်လူကြီးတစ်ယောက်က ပထမလူကြီးနားကို လာပြီးတော့ မေးတယ် ခင်ဗျား ဘာတွေ လုပ်နေတာလဲတဲ့။ဒီတော့ ပထမလူကြီးက ပြန်ပြောတယ်။ဒီကြယ်  ငါးလေးတွေဟာ နောက်ထပ် ဒီရေပြန်တက်လာမှ ရေနဲ့ထိပြီးတော့ ပင်လယ်ကြီးထဲကို ပြန်ပါသွားနိုင်မှာ ရေနဲ့ မထိခင်မှာ ဒီငါးတွေ နေပူပြီးတော့ အကုန်သေသွားလိမ့်မယ် ဒါကြောင့် သူတို့လေးတွေ အသက်ရှင်အောင်လို့ ပင်လယ်ထဲကို ပြန်ချပေးနေတာလို့ ပြန်ဖြေတယ်။အဲလိုလည်း ပြောလိုက်ရော နောက်ရောက်လာတဲ့ လူကြီးက ပြန်မေးတယ်။ခင်များ ဗျာ ဒီလောက်ကျယ်တဲ့ သောင်ပြင်ကြီးပေါ်မှာ ငါးတွေက အများကြီးပဲတဲ့ ခင်များ ဘယ်လိုလုပ်ကုန်အောင် ပင်လယ်ထဲကို ပြန်ပစ်ချနိုင်မလဲလို့ ပြောလိုက်ရော။ဒီအချိန်မှာ ပထမလူကြီးက ကျွန်တော်က အကုန်လုံးကို ပင်လယ်ထဲ ပြန်ချမပေးနိုင်ဘူး  ဒါပေမယ့် ဒီမှာကြည့်ဆိုပြီးတော့ ကြယ်ငါးလေးတစ်ကောင်ကို ရေထဲပစ်ချလိုက်တယ် ပြီးတော့ ပြောလိုက်တယ် အခုပစ်လိုက်တဲ့ ငါးလေးက ရေနဲ့ထိပြီးတော့ အသက်ရှင်သွားပြီ ဆိုပြီးတော့ ပြောလိုက်တယ်။ပြီးတော့ သူပစ်ချနိုင်သလောက် ကြယ်ငါးလေးတွေကို ပင်လယ်ထဲကို ပြန်ချပေးနေတယ်။
 အခု ကျွန်တော်တို့လည်း ဒီလိုပါပဲ ။ဘာကြီးရှိမှ ညာကြီးရှိမှဆိုပြီးတော့ အချိန်တွေအကုန်ခံပြီးတော့ တွေဝေနေမယ့်အစား  ကိုယ့်ပြည်တွင်းက ပညာသင်ကြားဖို့ အခက်အခဲ ဖြစ်နေတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို မိမိတို့ တတ်နိုင်သည့်ဘက်မှ တတ်စွမ်းနိုင်သလောက် ကူညီလိုက်ကြပါစို့လို့
                                                                                                            တိုက်တွန်းရင်းးးးး
လေးစားစွာဖြင့်.................
                               ပန်းပျိုးလက်ပရဟိတအသင်း (၁၆.၀၉.၂၀၁၂)
                                 
written by ......AK   (3:50 AM)

0 comments:

Post a Comment