ပထမအကြိမ် အစည်းအဝေး

သတိပဋ္ဌာနဓမ္မရိပ်သာ ကွာလာလမ်ပူ ကျောင်းနေ သံဃာတော်များအား အသင်းဝင်များ ဆွမ်းကပ်လှူခြင်း

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger Widgets

Sunday 24 May 2015

ကျားကြီးသောင်မှ ပုံရိပ် အချို့







မင်္ဂလာပါ ...
အခု ကျွန်တော်တို့ မြင်တွေ့ နေရတဲ့ကျောင်းဆောင် ကလေးဟာဆိုရင် ပြီးခဲ့ သည့် April လဆန်းပိုင်းမှ ပြီးစီးခဲ့ သည့် အနေထားလေးတွေ ဖြစ်ပါတယ်။ အကြောင်းကြောင်း ကြောင့် Blog တင်ရန် နှောင့်နှေးသွားခဲ့ ပါတယ်။ အခုဆိုရင်  ပြီးစီး သလောက် အနေထား ရှိနေပြီ ဟု သိရပါတယ်။  မကြာမှီ အချိန်တောတွင်း ကျွန်တော်တို့လှူဒါန်းနေသော  ကျားကြီးသောင် ဘ/ဘ ကျောင်းလေး ပြီးစီးမှုကို မြင်တွေ့ ရပါတော့မည်။
           လာမည့် ဇွန်လတွင် ပညာသင်ကြားကြတော့မည့်  စာသင်သား ကလေးငယ်များ အတွက် မိုး၊ လေ  ဒါဏ်မှ ကာကွယ်ပေးနိုင်သည့် အရိပ်ဆောင်လေး တစ်ခု ဖန်တီးပေးနိုင်လာမှုကို  ပီတိဝေဖြာနေမိတော့ပါသည်။

ကျားကြီးသောင် ဘ/က ကျောင်း အတွက် တတိယအကြိမ် ငွေလွှဲပေးခဲ့



အားလုံးပဲ မင်္ဂလာပါ
ယနေ့ May 24 ရက်နေ့မှာပဲ ကျွန်တော်တို့ အသင်းမှ ဆောက်လုပ်လှူဒါန်းနေသော ပဲခူးတိုင်း ၊ ကဝမြို့နယ်ရှိ ကျားကြီးသောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်အတွက် ငွေကျပ် (၂၅ ) သိန်းကို ကိုကြည်ဇော်မှ လွှဲပြောင်းပေးအပ်ခဲ့ပါတယ် ခင်ဗျာ။ မကြာတော့မှီ အချိန်မှာပဲ စာသင်သား ကလေးငယ်များ အတွက် လုံခြုံသည့် အရိပ်ကလေး တစ်ခု မြင်တွေ့ ရတော့မည်ကို တွေးပြီး ပီတိဝေဖြာနေပါတော့သည်။ အားလုံးပဲ ကိုယ်စိတ်ချမ်းမြေ့ကြပါစေကြောင်း ကျွန်တော်တို့ အသင်းသူ အသင်းသားများမှ ဆန္ဒပြုပါတယ် ခင်ဗျာ။

Tuesday 7 April 2015

ထူထူထောင်ထောင် ကျားကြီးသောင်









March 14 ရက်နေ့ မှာပဲ ကျွန်တော်တို့ပန်းပျိုးလက်ပရဟိတအသင်းမှ လှူဒါန်းနေသော ကျားကြီးသောင် ဘ/က ကျောင်းဆောင်လေးရဲ့ ပြီးစီးမှု အနေထား ပုံလေးတွေပါခင်ဗျာ။အခုတော့ ကျောင်းဆောင်လေးကာ ဆိုရင်ဖြင့် တိုင်ထူ အမိုးပြီးလို့ ကျောင်းဆောင်ရဲ့ ကိုယ်ထည်ကို မြင်တွေ့ လာရပါပြီ ခင်ဗျာ။ နောက်များမှာလည်း ပုံများ ရရှိလာသည့် အလျောက် တင်ပြပေးသွားပါအုံးမည်။ တာဝန်ယူ လုပ်ဆောင်ပေးနေသော ဆရာတော် ဒေါက်တာ အရှင်ဝဏ္ဏသီရိ နှင့်တကွ ကုသိုလ်ပါဝင်ကြသော စေတနာ ရှင်များ အားလုံးပဲ ကျေးဇူး အထူးပင် တင်ရှိပါတယ်ခင်ဗျာ။ အားလုံးပဲ ကိုယ်စိတ် ချမ်းသာ ကျမ္မာကြပါစေ။

ကျားကြီးသောင် ဘ/က ကျောင်းလေး ဆောက်လုပ်နေသည့် ပုံရိပ်လေးများ

ယခုမြင်တွေ့ရသော ပုံလေးတွေကာဆိုရင်  ဖေဖော်ဝါရီ ၂၇ ရက်နေ့ မှာပဲ ကျွန်တော်တို့ ပန်းပျိုးလက်အသင်းမှ လှူဒါန်းနေသော ပဲခူးတိုင်းရှိ ကျားကြီးသောင် ဘ/က ကျောင်းဆောင်လေးရဲ့ ဆောက်လုပ် နေမှု လေးတွေ ပါ။,ယခု ပုံလေးတွေ မြင်တွေ့နိုင်ရန် အတွက် တကူးတက အပင်ပန်းခံကာ သွားရောက်ပေးခဲ့ပြီး တာဝန်ယူဆောက်လုပ် ပေးနေသော ဒေါက်တာ အရှင်ဝဏ္ဏသီရိအား အထူးပဲ ကျေးဇူးတင်ရှိပါတယ် အရှင်ဘုရား။ အားလုံးပဲ ဝမ်းမြောက်ဝမ်းသာ သာဓုခ်ါဆိုနိုင်ကြ ပါစေ။








Friday 27 February 2015

ကျားကြီးသောင် ဘ/က ကျောင်းဆောင်လေး ပန္နက်ချ ပုံရိပ်များ

အားလုံးပဲ မင်္ဂလာပါ....
ကျွန်တော်တို့ ရဲ့လှူဒါန်းမှု တတိယ အကြိမ် အဖြစ် ပဲခူးတိုင်း၊ ကဝမြို့နယ် ဘဏ္ဍာပင်အုပ်စု၊ ကျားကြီးသောင်ကျေးရွာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်လေးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာပဲ ပန္နက်ချ ခဲ့ ပါပြီ။ ပါဝင် လှူဒါန်းကြသော ကုသိုလ်ရှင်များ လည်း ပီတိဝေဖြာစွာ သာဓုခေါ်ဆို နိုင်ကြပြီး နောက်ပိုင်း ဆောက်လုပ် ပြီးဆီးမှုများကိုလည်း တင်ပေး သွား ပါအုံးမည်။