Blogger Widgets

Tuesday 13 November 2012

ပန်းပျိုးလက်ပရဟိတအသင်း၏ ပထမအကြိမ် ပြည်တွင်းအလှူ (၂)

                            ကွန်မကောင်းလို့ ကျန်ခဲ့တဲ့ ပုံတွေ ထပ်တင်တာပါ

ကိုယ့်အား ကိုယ်ကိုးတတ်အောင်လို့ ကိုယ်စားပြီးသားပန်းကန် ကိုယ်တိုင်ဆေးနေတာပါ (တို့ကျောင်းက ကျောင်းသားတွေနဲ့တော့ ကွာပါ့:D)
ဦးထုပ်လေးတွေနဲ့ လွယ်အိတ်တွေ ဝေပါပြီ
ဆရာတော်လည်း ကိုယ်တိုင်ကိုယ်ကျ ဝေပေးနေပါတယ်
မကြာခင်မှာနွေရာသီ ရောက်တော့မှာ ဖြစ်တဲ့ အတွက်ကြောင့် ဦးထုပ်တွေ ဝေတာပါ။အရင်တုန်းကတော့ ကြွပ်ကြွပ်အိတ်ဆိုတာ ဒီကလေးလေးတွေ အတွက် လွယ်အိတ်ပါပဲတဲ့.....
ပရဟိတမိသားစု ပြည် မှ နာယကကြီးနှင့် ကလေးငယ်များ
ဆရာတော်ကိုလည်း ရေခဲမုန့် ကပ်ပါသည်
အလှူရှင်တွေကို ဆုတောင်းပေးနေတာ  (ကျွန်တော်တော့ ဒီပုံတွေ ကြည့်ရင်း မျက်ရည်လည်လာမိတယ်)
ကျောင်းသားတွေကို ညစာပါ ကျွေးတော့ လိုမယ်ထင်တာလေးတွေပါ (လိုတာကတော့ အများကြီးပါ  )
ဒေါက်တာက သူ့လို ဝ လာအောင် ဒီလို ဂရုစိုက်တာ :D
လက်ရာ ညံ့လို့နဲ့ ထင်တယ် နော် လိုဂို ဒီဇိုင်းက :P
နောက်ထပ် လာလှူနိုင်အောင် ကြိုးစားပါ့မယ် ခုတော့ ပြန်လိုက်ပါဦးမယ်  နှုတ်ဆက်ခဲ့ပါတယ်  ဘိုင့်......
လွယ်အိတ်လေးတွေ ဦးထုပ်လေးတွေ ကိုယ်စီနဲ့
နောင်နှစ်ဆိုရင် ဒီကျောင်းက ကျောင်းသား တစ်ရာကျော်လာတော့မှာ ဖြစ်သည့်အတွက် ကျောင်ဆောင်သစ် ဆောက်လုပ်ရန် မြေနေရာမှာပါ အလှူရှင်များကိုလည်း ဖိတ်ခေါ်ပါတယ်
စာသင်ခုံတွေကို အသစ်ပြန်ရိုက်ထားတာပါ( ပြောဖို့ မေ့နေလို့ ပြီးခါနီးမှပဲ  သတိရတော့တယ်)
ဒါကတော့ ကျေးဇူးတင် ဂုဏ်ပြုလွှာပါ  
ကျောင်းပညာရေး အဖွဲ့မှ ဦးဆောင်သူတွေပါ
ပန်းပျိုးလက် ပရဟိတအသင်း မလေးရှား ၏ ပြည်မြို့ရှိ ချို့တဲ့သော 

ဘကကျောင်းနှစ်ကျောင်းသို့ အလှူငွေ ငါးသိန်းကျပ်အား လှူဒါန်းမှူ 

စာရင်းရှင်းတမ်း

လေသာဘက ကျောင်းသား ၉၄ ဦးအတွက် 

လွယ်အိတ် + ဦးထုပ်ဝယ်ယူငွေ ၁၈၀၀၀၀ ကျပ်

ပစ္စည်းဝယ်ယူရန်ကားခ ၆၀၀၀ ကျပ်

မီးဖိုချောင်သုံး ပစ္စည်း ၁၅၀၀၀ ကျပ်

ကျောင်းပညာရေး ရန်ပုံငွေ ၃၀၀၀၀ ကျပ်

ကျောက်တောင် တောရကျောင်း ကျောင်းသား ကျောင်းသူများအတွက်

စာသင်ခုံ ပြုလုပ်ရန် လှူဒါန်းငွေ ၈၀၀၀၀ ကျပ်

ဝှိုက်ဘုဒ် + ဆော့ပင် + မင်အိုး ၃၀၀၀၀ ကျပ်

အဝတ် အစားလှူဒါန်းငွေ ၂၀၀၀၀ ကျပ်

ဆန် + မီးဖိုချောင်သုံး ပစ္စည်း ၃၅၀၀၀ ကျပ်

ဆရာတော် နဝကမ္မ + ကျောင်း ဆရာ ဆရာမ ၂ ဦး တစ်ယောက် ၁၀၀၀၀ ကျပ် စုစုပေါင်း ၃၀၀၀၀ ကျပ်

ကျောင်း နှစ်ကျောင်း အတွက် ရေခဲမုန့် + ဝေဖာ ၅၀၀၀၀ ကျပ်

ကျောင်းများသို့ လှူဒါန်းရာတွင် သွားရောက်ရာတွင်
အသုံးပြုသော ကားခ ၂၀၀၀၀ ကျပ်
ပန်းပျိုးလက် လိုဂို ဗီနိုင်း ၇၀၀၀ ကျပ်

စုစုပေါင်း လှူဒါန်းငွေ ၅၀၃၀၀၀ ငါးသိန်းသုံးထောင် ကျပ် ဖြစ်ပါတယ်ခင်ဗျာ။
         ကျောင်းပညာရေး အလှူရှင်စာရင်းပါ  (ခုမှ စတာထင်တယ်  ဒီစာအုပ်မှာ အလှူရှင်စာရင်း အပြည့်မြင်ရရင် သိပ်ကောင်းမှာပဲနော်..)            ဓာတ်ပုံတွေကတော့ ကုန်သလောက်ဖြစ်သွားပါပြီ။ ယ္ခုလို ကျွန်တော်တို့ ပန်းပျိုးလက်ပရဟိတအသင်းအား ဝိုင်းဝန်းကူညီ လှူဒါန်းပေးသော ပရဟိတမိသားစု ပြည် အား ပန်းပျိုးလက်ပရဟိတအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ..............












                                                                         

0 comments:

Post a Comment